Thursday, January 17, 2008

"စက္ကူငှက်"

သူ့ရင်ထဲမှာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေရှိတယ်
အတောင်ဖြန့်တယ်
ဒါပေမယ့် မပျံသန်းဘူး . .
သူ့ရင်ထဲမှာ ကောင်းကင်ရဲ့ မျိုသိပ်မှုတွေရှိတယ်
နာကျင်သလိုလိုနဲ့ ကောင်းကင်ရဲ့နူးညံ့မှု
နူးညံ့ခဲ့သလိုလိုနဲ့ ကောင်းကင်ရဲ့နာကျင်မှုတွေရှိတယ်
သူကအတောင်ဖြန့်တယ်
ဒါပေမယ့် မပျံနိုင်ဘူး . . ။ ။

No comments: