Friday, October 31, 2008

"အမည်မဲ့ကဗျာ"

ခြစားခံထားရတဲ့ သံယောဇဉ်တွေ
အလုအယှက်နဲ့ ငါ့ရင်ဘတ်ကနေ
ခုန်ထွက် ပြေးလွှားနေခဲ့..
တ၀က်တပျက်နဲ့ ရပ်တန့်ထားတဲ့
ရင်ခုန်သံဟာ လောင်စာဆီရှားပါးမှုကြောင့်
ဆက်လက်မောင်းနှင်ဖို့ခက်ခဲနေခဲ့တယ် ..
မမျှော်လင့်တဲ့ဆုံတွေ့မှုမှာ
မမျှော်လင့်ဘဲ ကျဆုံးခဲ့
မမျှော်လင့်တဲ့ ကျဆုံးမှုမှာ
မမျှော်လင့်ဘဲ ရူးသွပ်ခဲ့......
နောက်ဆုံး ..........
မမျှော်လင့်ဘဲလောင်ကျွမ်းပြာကျခဲ့.......။ ။


ခံစားမှုလေးတစ်ခုကနေမွေးဖွားလာတဲ့ခေါင်းစဉ်ပေးလို့မရတဲ့ကဗျာတစ်ပုဒ်ပါ ...........

Thursday, October 2, 2008

"သိမ်းထုပ်ထားသော ရင်ဝှက်စာများ(၄)"

မထင်မှတ်ဘဲထွက်ကျလာတဲ့ စတုတ္ထမြောက်ရင်ဝှက်စာပါ . .

အတိတ်ကိုပြန်ကြည့်ဖြစ်ရင် ပစ္စုပ္ပန်တွေကလေးလံ
အနာဂတ်တွေေ၀၀ါးကုန်တယ် . . မင်းကဘယ်လို
ကောင်းကင်မျိုးပါလဲ . . တစ်ခါခါဆိုတိမ်ညိုတိမ်မည်းတွေနဲ့ .... တစ်ခါခါကြည်ကြည်လင်လင် အပြာရောင်
ဝတ်ရုံနဲ့ . . မင်းကဘယ်လိုကောင်းကင်မျိုးပါလဲ .. ငါနားလည်ရခက်နေတုံးပဲ . . အသွေးသားတွေနဲ့
တည်ဆောက်ထားတဲ့သံယောဇဉ်လည်း မင်းရဲ့ အဖြူထည်သက်သက်ရဲ့အောက်နစ်မြုပ်နေရဆဲ .. . .
ဘယ်လောက်ပဲလွတ်အောင်ပြေးပြေး ကောင်းကင်နဲ့လွတ်တဲ့နေရာမရှိတော့ ပင်ပန်းနေရဆဲပါ . .
အပြည့်အ၀ခိုလှုံချင်ပေမယ့် . . ကုလားအုတ်ပုံပြင်လို အခွင့်ရေးယူလှချည်လား ဆိုတဲ့အသံတွေ လွင့်ပျံလာမှာ
စိုးခဲ့လို့ . . ရောက်နေဆဲနေရာက နည်းနည်းလေးမှ မလှုပ်ခဲ့တာပါ . . လမ်းပေါင်းများစွာ . .
တောင်တန်းပေါင်းများစွာ . . ပင်လယ်နဲ့ကာရံထားပေမယ့် မင်းကတော့ငါ့ကိုလွှမ်းမိုးနိုင်ဆဲပါကောင်းကင် . .
သေချာတာကတော့မင်းမရှိရင်မနေတတ်တော့တာပဲ . . ခက်တော့ခက်တယ် ပစ္စုပ္ပန်မှာတောင် အရာရာ
မသေချာသေးချိန်မှာ တစ်နေ့နေ့တော့ဖြစ်လာနိုင်ကောင်းရဲ့လို့
မျှော်လင့်လို့မရသေးပါဘူးကောင်းကင် . . ။ ။