
တိုက်ခတ်နေပါသောလေပြည်
နွေလယ်လေညှင်း
မိုးသက်လေ ဘာကိုအမည်တပ်ရမည်မသိ
အနေအထားက လင်းတစ်လှည့်မှိန်တစ်လှည့်ရယ်
နေရထိုင်ရတာမလန်းဆန်းလိုက်တာ
အဟမ်းးးး...ချောင်းတစ်ချက်ဟန့်၍
အစချီပါသော်လည်း စကားလုံးတွေတစ်ဆို့နေကြ....
ဘာကိုမျှော်လင့်ပြီး ဘာကိုပြောမလဲ
ရည်ရွယ်ချက်တစ်ခုနဲ့ ပြောတဲ့စကား
မရည်ရွယ်ချက်တွေတန်ပြန်လားမလား.....
အထက်ပါများက ခေါင်းစဉ်မှာပြောထားသလို
ခမ်းခြောက်နေသော အတွေးများမှဖောက်ထွက်လာသော..
အဲ့အစက်နှစ်စက် နေရာမှာ
ကဗျာ..ခံစားချက်..အတွေးစု..ဒါမှမဟုတ်
တစ်ခုခုဖြည့်ကြည့်.........။ ။

1 comment:
ဖတ်ပြီးတော့ ရင်ထဲမွန်းကြပ်သွားအောင်ကို ကဗျာကသိမ်းသွင်းသွားတယ်
Post a Comment